comprendre darknet
Tor et le web

Comment télécharge Tor Browsr ?

၁။ တစ်ခုသောတရားမည်သည် အဘယ်နည်း? သတ္တဝါဟူသမျှတို့သည် အကြောင်း "အာဟာရ"လျှင် တည်ရာရှိကုန်၏။ ၂။ နှစ်ခုသောတရားမည်သည် အဘယ်နည်း? နာမ်နှင့် ရုပ်တည်း။ ၃။ သုံးခုသောတရားမည်သည် အဘယ်နည်း? ဝေဒနာသုံးပါးတို့တည်း။ ၄။ လေးခုသောတရားမည်သည် အဘယ်နည်း? အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။ ၅။ ငါးခုသောတရားမည်သည် အဘယ်နည်း? (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။ ၆။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း? အတွင်း အဇ္ဈတ္တိက အာယတနခြောက်ပါးတို့တည်း။ ၇။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း? ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ၈။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း? အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။ ၉။ ကိုးခုသောတရားမည်သည် အဘယ်နည်း? သတ္တဝါတို့၏ တည်နေရာ "သတ္တာဝါသ" ကိုးပါးတို့တည်း။ ၁၀။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း? အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို " ရဟန္တာ "ဟု ဆိုအပ်၏။

ကုမာရပဥှာ

Comment naviguer anonymement sur l'Internet ? Voilà une vaste question qui a travaillé tant d'internautes. Si cette opération était difficile de par le passé, elle est aujourd'hui extrêment simple.Il suffit en effet de s'approprier le logiciel Tor. Gratuit, son installation se fait en quelques clics et vous permet de sufer sur le web de manière anonyme.

ဓမ္မပဒအဋ္ဌကထာ ကဏ္ဍနှစ်ခု စာမျက်နှာ (၁၈၁) ကို ဆောင်းပါး နှစ်ပုဒ်ဖြင့် သိစရာအချက်များကို ရေးပြီး ခဲ့ပါပြီ။ ဤစိတ္တကဏ္ဍတွင် စာမျက်နှာ (၃၀)၊ ဂါထာပေါင်း (၁၁) ခု၊ ၀တ္ထုပေါင်း (၉) ခုဖြင့် ရဟန်းတော်များ အကြောင်း၊ လူသားတစ်ဦး အကြောင်းတို့ကို ဖေါ်ပြထားပါသည်။ ရဟန်းတော်များ အကြောင်းကို ဖေါ်ပြရာတွင် အလုပ်အကျွှေး ရဟန်းတော် တစ်ပါး၊ အမည်မသိ ရဟန်းတော် တစ်ပါး၊ သာသနာ့ဘောင်တွင် ငြီးငွေ့သွားသော ရဟန်းတော် တစ်ပါး၊ သံဃရက္ခိတ မထေရ်ကြီး၏ တူတော် ရဟန်း တစ်ပါး၊ စိတ်အလိုသို့ လိုက်သော ရဟန်းတော် တစ်ပါး၊ ရဟန်းတော်ငါးရာ၊ ခန္ဓာကိုယ် ပုပ်စော်နံသော ဂိလာန ရဟန်းတော် တစ်ပါး၊ သောရေယျ သူဋ္ဌေးသား ဘ၀မှ ရဟန်းပြု လာသော ရဟန်းတော် တစ်ပါး အကြောင်းနှင့် လူသားတစ်ဦးဖြစ်သော နွားကျောင်းသား နန္ဒလုလင် အကြောင်းတို့ ဖြစ်ပါသည်။ စိတ္တကဏ္ဍအကြောင်း မရေးမီ ငယ်ငယ်ကကြားခဲ့ဖူးသော ဆရာတော်ကြီးတစ်ပါး၏ အကြောင်းကို သတိရမိပါသည်။ တစ်ချို့ ဆရာတော်များသည် စာပေပရိယတ် တတ်ကြွမ်းကြပါသော်လည်း တရား ဟောရမှာကို ၀န်လေးတတ် ကြပါသည်။ မဖြစ်မနေဟောကြရပြီ ဆိုသော်လည်း တိုတိုသာ ဟောတတ် ကြပါသည်။ လူတွေကလည်း အရှင်ဘုရား တရားကောင်းလိုက်တာဟု ချီးမွမ်းတတ်ကြပါသည်၊ ဘယ်လိုကောင်းတာလဲဟု မေးသောအခါ တရားကတိုလို့ပါဘုရား ဟုလျောက်ထားတတ် ကြပါသည်။ ယနေ့ခေတ် လူသားများသည် အချိန်ဆင်းရဲ ကြပါသည်။ အထူးသဖြင့် နိုင်ငံခြားတွင် ရောက်နေကြသော သူများဖြစ်ပါသည်။ တရားကို တိုတိုဟောမှ အဆင်ပြေပါသည်။ သီလပေး ရေစက်ချ အပါဝင် တစ်နာရီခန့် တရားဟောသည်ကို အချိန်ကြာသည်ဟု သတ်မှတ်သူများ ရှိပါသည်။ အကုန်ခံ ထားသည့် ငွေနှင့် လုပ်အားတို့ကို ကြည့်ပြီး သိစေချင်သည်များကို ပြောပြသော်လည်း နာယူလိုစိတ် နည်းပါးကြပါသည်။ လူအများသည် ရုပ်၏ အစာဖြစ်သော လှူရမှာကို မနှမြောကြပါသော်လည်း စိတ်၏ အစာဖြစ်သော တရားကို မသိချင်ကြပါ။ သို့အတွက် ဗုဒ္ဓဘာသာအကြောင်းက တစ်ဦးဦးက မေးလာခဲ့သော် ဘုန်းကြီးများထံသို့ တွန်းပို့ တတ်ကြပါသည်။